ရွှေကန် ပုလဲသားလေး ဆီသို့ လာလည်ကြသူ မိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ

Saturday, March 26, 2016

ဗုဒ္ဒဘာသာ နှစ်မျိုး ဘယ်လိုခွဲခြားမလဲ

" ဘယ်လိုခွဲခြားမလဲ "
*******************
မေး။ "သူကတော့ မိရိုးဖလာ ဗုဒ္ဓဘာသာ , သူကတော့ တကယ့် ဗုဒ္ဓဘာသာ ဆိုတာကို ဘယ်လို ခွဲခြားပြီး သိနိုင်မလဲ " ဘုရား။
ဖြေ။ ဘာသာခြားနဲ့ အိမ်ထောင်ကျတဲ့အချိန်, တခြားဘာသာက ရွှေငွေ ဥစ္စာ ရာထူးများနဲ့ ဆွဲဆောင်လာတဲ့ အချိန်မှာ ဗုဒ္ဓဘာသာနှစ်မျိုးကို ခွဲခြားသိနိုင်ပါတယ်။
ဘာသာခြားနဲ့ အိမ်ထောင်ကျပြီဆိုရင် မိရိုးဖလာ ဗုဒ္ဓဘာသာက ဘာသာခြားနောက်ကို တခါတည်း ပါသွားတယ်။
တကယ့်ဗုဒ္ဓဘာသာက မပါဘူး။ ဘာသာခြား အိမ်ထောင်ဖက်ကိုပဲ မိမိဗုဒ္ဓဘာသာထဲကို ပါလာအောင် ဆွဲဆောင်စည်းရုံးနိုင်တယ်။
တဖက်ဘာသာက ရွှေငွေဥစ္စာ ရာထူးများနဲ့ ဆွဲဆောင်လာတဲ့အခါ မိရိုးဖလာဗုဒ္ဓဘာသာက တခါတည်းပါသွားတယ်။ တကယ့် ဗုဒ္ဓဘာသာက မပါဘူး။ အဲဒီလို ကွဲပြားတယ်။


(အရှုံးမရှိသော ဒသန )မှ     ဖော်ပြပါသည် ။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...