ရွှေကန် ပုလဲသားလေး ဆီသို့ လာလည်ကြသူ မိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ

Saturday, March 26, 2016

ဆရာ ချစ်ဦးညို သို့





                                        အမျိုးယုတ်တို့ လျှောက်သောလမ်း
                             ********************************

စာပေကို ချစ်မြတ်နိုးသူဖြစ်သည့် အလျှောက် စာရေးဆရာတွေဆိုလည်း လေးစားပါတယ်။ စာပေဟောပြောပွဲတွေ ဆိုလည်း အခွင့်ကြုံကြိုက်ရင် ကြုံကြိုက်သလို နားထောင်ဖြစ်ခဲ့ပါတယ်။ စာပေဟောပြောပွဲတွေနှင့် ပတ်သက်ပြီး သတိထားမိလာတာက ယခင်က ဟောပြောမှုပုံစံဟာ မိမိတို့ရေးခဲ့တဲ့ စာပေတွေအကြောင်း ၊ ဆရာ့ ဆရာတွေ ရေးခဲ့တဲ့ စာပေတွေထဲက ကောင်းနိုးရာရာတွေ ထုတ်နှုတ်ပြီး လူငယ်တွေ ကြိုးစားလိုစိတ်ရှိအောင် အမျိုးသားရေး အသိရှိအောင် ဟောကြ ပြောကြတယ်။ အချို့စာရေးဆရာတွေ ဆိုရင် သူတို့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ကရုဏာရသ ၊ ဟာသရသ မြောက်အောင် ဟောပြောကြတယ်။ လေးစားခဲ့ရပါတယ်။
စာပေလောကမှာ အထင်ကရဖြစ်နေကြ သူတွေရဲ့ ဟောပြောမှုပုံစံဟာ ပြောင်းလဲ လာခဲ့ပါတယ်။ နိုင်ငံရေးပါတီတစ်ခုအတွက် စည်းရုံးရေးဆင်းပေးတဲ့ပုံစံ ဖြစ်လာတယ်။ နောက်တော့ စာပေဟောပြောပွဲ ခေါင်းစဉ်အောက်မှာ အမျိုးသားရေးဆိုသည်ကို ပြစ်ပြစ်ခါခါ စော်ကား ၊ အမျိုးသားရေး ရှေ့ဆောင် လမ်းပြတွေဆိုရင် စကားလုံးလှလှတွေနဲ့ အရောင်ဆိုးပြီး သိက္ခာချ သိပ်ကို ဟန်ကျခဲ့ကြသကိုး။
ငါ့ပါးစပ်ဟာ ဒီမိုကရေစီပါးစပ်လို့ ကင်ပွန်းတပ်ပြီး ဆရာတော်ဦးဝီစာရ မွေးနေ့ပွဲမှာ ဗုဒ္ဓဘာသာဝင်တွေ နှင့် သံဃာတော်တွေကို သာကီမျိုးဆိုတာ "နှမလိုး" မျိုးတွေလို့ စော်ကားသွားတဲ့ ထင်လင်းဦးဆိုသူ ဘိုကလေးသား တစ်ဦးတော့ ထောင်နန်းစံသွားလေရဲ့ဗျာ။
အခုတစ်လော လူမှုကွန်ယက်ပေါ်မှာ တွေ့ရတဲ့ စာပေဟောပြောပွဲ ခေါင်းစဉ်အောက်က "အမျိုးသားရေး"ကို စာနဲ့ပေနဲ့ ဟန်ကျပန်ကျ စော်ကားပြ သွားတဲ့ ချစ်ဦးညိုရဲ့ ဟောပြောမှုကို နားဆင်ရပါတယ်။ မူးများ မူးနေသလား တော့ မပြောတတ်ပါဘူး။ သူ့ရဲ့စာပေ ဟောပြောပွဲတွေမှာတော့ အရက်ခွက် တင်ပေးထားရတယ်လို့ စာပေဟောပြောပွဲ စီစဉ်သူတွေက ပြောလို့ ကြားဖူးပါတယ်။
ရှေးဦးမစွ ချစ်ဦးညို ဘာတွေ ပြောထားသလဲ ဆိုတာလေး ထုတ်နှုတ်ကြည့်ရအောင်ပါ။ "မျိုးချစ်စိတ် ၊ ဝံသာနုရက္ခိတရား သတိထား။ အဲဒီလို မျိုးချစ်စိတ် မျိုးချစ်စိတ် ၊ အမျိုးစောင့် အမျိုးစောင့်လို့ ပြောရင်းနဲ့ ကိုယ်ကျိုးနည်းသွားတာတွေ လွဲသွားတာတွေ မှားသွားတာတွေ တော်တော်များတယ်နော်။ ဗြောင်ပြောမယ် ကုလားဆိုရင် ဘာဖြစ်တယ်လို့ ပြောတယ်။ တိုက်ပေးတယ်။ ဟာ . . . . မကြိုက်ဘူး။ ဥပမာလေး တစ်ခုပြောမယ် ၁၉၃၈ ရန်ကုန်တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌ ကိုနု စကားရည်လုပွဲမှာ ဥက္ကဋ္ဌစကားတက် ပြောလိုက်တာ တက္ကသိုလ် အာဏာပိုင်တွေကို ဝေဖန်တာ ကြမ်းတယ်ဆိုပြီးတော့ ကိုနု ကို ကျောင်းထုတ်ပြစ်လိုက်တယ်။ ကိုအောင်ဆန်းက ထိုအချိန်မှာ အိုးဝေမဂ္ဂဇင်းရဲ့ အယ်ဒီတာ။ ကိုနု ကျောင်းထုတ်ခံလိုက်ရတော့ ဘယ်သူ ဥက္ကဋ္ဌ ထဖြစ်သလဲဆိုရင် ဒုဥက္ကဋ္ဌ ကိုရာရှစ်က ဥက္ကဋ္ဌ တက်ဖြစ်တယ်။ အစည်းအဝေးမှာ အချင်းချင်းဝေဖန်တယ်။ ဒီရာရှစ်က အိန္ဒိအမျိုးသား ဖြစ်နေပြီး ဘယ့်နှယ့်ကြောင့် ဥက္ကဋ္ဌ လာဖြစ်တာလဲ ဒီကုလားကြီး ဆိုပြီး ဝေဖန်တယ်။ ကိုအောင်ဆန်းက ထပြီးတော့ မင်းတို့ကောင်တွေ ဘာပြောတာလဲ။ ပြောတဲ့ကောင်ပြော ၊ စွဲထိုးမယ် လုပ်တာ။ မနည်းတားထားရတယ်။ အဲဒီလို ပြောတဲ့ ကောင်ကလည်း ကုလားပဲ။ ကိုရာရှစ် ဘယ်လောက်တော်တယ် ဆိုတာ မင်းတို့တွေ သိလား။ ကိုရာရှစ် အရည်အချင်းတွေ ပြောပြပြီးတော့ ထွက်လာခဲ့ ဆိုပြီးတော့ အစည်းအဝေး ခန်းထဲမှာ ပြောတာ။ ကိုအောင်ဆန်းက သိတယ်။ အမျိုးချစ် စိတ်ဆိုတာ သိတယ်။ ဘာသာ လူမျိုး အသားအရောင် ဘယ်တော့မှ မခွဲခြားတဲ့ ပုဂ္ဂိုလ်။ သိပ်ချစ်စရာကောင်းတာ။" လို့ ချစ်ဦးညိုက ဆိုရဲ့။
အမျိုးချစ်စိတ် အမျိုးချစ်စိတ် အမျိုးစောင့် အမျိုးစောင့်လို့ ပြောပြီး ကိုယ်ကျိုး နည်းသွားရတာတွေ တော်တော်များတယ် ဆိုတော့ကာ ချစ်ဦးညိုရေ "ပြောတဲ့ လူတွေအတွက်တော့ ကိုယ်ကျိုးဘယ်ရှိပါ့မလဲ။ အသိတရား ရသွားတဲ့ သူတွေအတွက်တော့ အန္တရာယ် ကင်းတာပေါ့ဗျာ" ကိုယ်ကျိုးကို ရှေးရှုပြီး ကုလားကြိုက် ဟောပေးတဲ့ မင်းတို့လို လူတွေအတွက်တော့ ကိုယ်ကျိုးအတွက် အဆင်ပြေမှာပေါ့။
ခင်ဗျားတို့တွေမှာ အစစွဲထုတ်စရာ ရှာမရရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခုတုန်းလုပ်ကြတယ်။ ဗိုလ်ချုပ်အကြောင်း ပြောမယ်ဆိုရင်လည်း ကိုယ်လိုတာလေးလောက် စွဲထုတ်ပြီး ကုလားကြိုက် လုပ်ဖို့ မသင့်ဘူး။ စာပေပညာရှင်ကြီး သိပြီး ဖြစ်မှာပါ။ ကုလား - ဗမာ တိုက်ပွဲ ဆိုတဲ့ စာအုပ်ဟာ မောင်သိန်းဖေ ရေးသားခြင်းကို ကိုနု ၊ ကိုအောင်ဆန်း ၊ သခင်တင်မောင် စသော တက်လူခေါင်းများလည်း ဤစာတမ်း အာဘော်များကို သဘောတူ ထောက်ခံကြသည် လို့ အဖွင့်မှာ ဖော်ပြထားတယ် ချစ်ဦးညိုရေ။ ထောက်ခံချက်ပါ ပေးထားသေးတယ်။ "မောင်သိန်းဖေရေ "ကုလား - ဗမာ တိုက်ပွဲ" ကို ငါတို့ထောက်ခံ၍ သူနှင့်အတူတူ ထုတ်ဝေရာ၌ တာဝန်ယူကြောင်း" ပုံ - ထွန်းအေး ၊ ထွန်းရွှေ ၊ ထွန်းအုံ ၊ သခင်တင်မောင် ၊ အောင်ဆန်း ၊ ဘဟိန်း အခြားတက်လူ ခေါင်းဆောင်များ ထိန်ဝင်း ၊ မောင်နု ၊ ဘဆွေ" တဲ့ဟ ချစ်ဦးညိုရေ။
ခင်ဗျားအနေနဲ့ ကုလားမုန်းတာ မကြိုက်ဘူး ဆိုရင် အဲဒီလူတွေကို ထည့်အသုံးမချနဲ့။ ခင်ဗျားလုပ်လိုက်မှ အမျိုးသားခေါင်းဆောင်ကြီးတွေက ကုလားကုလားကာ လုံးလုံး ဖြစ်နေမယ်။ ဗိုလ်ချုပ်တို့ ဆောင်ရွက်ခဲ့တာက တိုင်းပြည်လွတ်လပ်ရေးအတွက် အသုံးချသင့်သူကို အသုံးချပြီး ပြတ်သားသင့်တဲ့အချိန် တိုင်းပြည် နှင့် တိုင်းရင်းသား လူမျိုးတွေအတွက်ဆိုရင် ဘယ်သူ့မျက်နှာမှ မထောက်ဘူး။ အဲဒါကို ချစ်တာ။ အဲဒီစိတ်ဓာတ်ကို ချစ်တာ။ မင်းတို့လို ကုလားကာလုပ် ကိုယ်ကျိုးအတွက် လာဘ်လာဘမျှော်ပြီး ဗိုလ်ချုပ်ကို ထည့်အသုံးချလိုက်တော့ နောင်လာနောင်သားတွေ အသိမှား အမှတ်မှားတွေ ဖြစ်ကုန်မပေါ့ကွာ။
ကုလား - ဗမာ တိုက်ပွဲ မှာ ပါတဲ့အကြောင်း အရာလေး နည်းနည်း ပြောပြအုံးမယ်။ ပြန်ရှာပြီးတော့လည်း လေ့လာကြည့်အုံး။ "ဘာသာတရား ယဉ်ကျေးမှု စသည်များကို ကုလားထံမှ ရခဲ့သည်မှန်ပါ၏။ သို့သော် ဗမာအား ဘာသာတရား နှင့် ယဉ်ကျေးမှုများကို ပေးခဲ့သော အိန္ဒိယပြည်သည် ယခုအိန္ဒိယပြည် မဟုတ်တော့ပြီ။ ဗမာအား ပေးလိုက်သော ဘာသာတရား - ယဉ်ကျေးမှု စသည်များမှာ ယခုအိန္ဒိယ ပြည်တွင် မရှိတော့ပြီ။ အိန္ဒိယပြည်၌ ဖျက်စီးပြစ်ခဲ့ကြပြီ။ သို့ကြောင့် ဗမာ နှင့် ကုလားပြည်များမှာ ဘာသာတရား ယဉ်ကျေးမှု စသည်များ၌ မတူကြတော့ပြီ။ ကုလားတို့အား ထိုယဉ်ကျေးမှုများအတွက် ကျေးဇူးမတင် နိုင်တော့ပြီ။" လို့ ရေးသားတင်ပြထားတယ်။
စာရေးသူအနေနဲ့ ရှင်းပါအုံးမည်။ ထိုစဉ် အချိန်က အိန္ဒိယမှာ ဗုဒ္ဓဘာသာကို ဟိန္ဒူက အမြစ်ဖြုတ် ၊ မွတ်စလင်က အမြစ်ဖြုတ် ဘယ်လိုအမြစ်ဖြုတ် သုတ်သင်ခဲ့ကြသလဲ ဆိုတဲ့ သမိုင်းကို လေ့လာကြည့်ရင် နာလန္ဒာတက္ကသိုလ်ကြီးမှာ ပညာဆည်းပူးနေတဲ့ လက်နက်မဲ့ ရဟန်းသံဃာတွေကို မွတ်ကုလားတွေက ခေါင်းဖြတ်သတ် ၊ မြေကြီးထဲ ကိုယ်တစ်ပိုင်း မြေမြှုပ်ပြီး ခေါင်းကို ထွန်ချက်နဲ့ တိုက်သတ်ခဲ့တဲ့ ယုတ်မာရိုင်းစိုင်းမှုတွေ အထွဋ်အထိပ် ပြခဲ့တဲ့ သမိုင်းတွေ ရှိတယ်။ ချစ်မူးညိုတို့ ကုလားစပွန်စာ ရပြီး ကုလားကာ ဟောပြောချင်ပြီး ဟိုနားတစ်စ ဒီနားတစ်စ အခာထင်ကရ ပုဂ္ဂိုလ်တွေကို လိုသလို စွဲ အသုံးချလို့ ရကောင်းရမယ်။ သမိုင်းကိုတော့ ဖျောက်ဖျက်ချင်တိုင်း ဖျောက်ဖျက်လို့ မရဘူး ချစ်မူးညိုရဲ့။
ခင်ဗျားတို့တွေရဲ့ လက်သုံးစကား ဂလိုဘယ်စံ နှင့် ပြောအုံးမလား။ ယနေ့ ကမ္ဘာမှာ ခရစ်ယာန် နှင့် အခြားသော ဘာသာ သာသနာတွေကို အီရန် ၊ အီရတ် ၊ ဆီးရီးယား ၊ အီဂျစ် အစရှိတဲ့ မွတ်စလင် အများစုရှိရာ တိုင်းပြည်တွေမှာ မျိုးတုန်းသတ်နေတာ ISIS အစ္စလာမ်းမစ်နိုင်ငံတော်အဖွဲ့တဲ့။ မှားတယ်ဆိုရင် ကျုပ်ခေါင်းကို လာဖြတ်ပါ။
ထပ်ပြောရရင် မြန်မာနိုင်ငံထဲကို ဝင်လာတဲ့ ချစ်တီးကုလား တွေဟာ ယနေ့အချိန်မှာ တိုင်းရင်းသားတွေနဲ့ လိုက်လျောညီထွေ ဖြစ်သေးတယ်။ အိန္ဒိယကုလားနဲ့ရောပြီး ပါလာတဲ့ ဘင်္ဂလားမွတ်ကုလားတွေက လူမျိုးလိမ်တစ်ခုကို အသက်သွင်းပြီး တိုင်းရင်းသားဖြစ်ဖို့ လုံးပမ်းနေတာ မျက်စိမကန်းသေးဘူး ၊ နားမထိုင်းသေးဘူး ဆိုရင်တော့ မင်းတို့တွေ သိမှာပါ။
ခင်ဗျားက လိုသလို စွဲသုံးသွားပေမယ့် ကျုပ်က ဤသည်မရွေး တိတိကျကျ ထုတ်နှုတ်ပြမှာပါ။ ကုလား - ဗမာ တိုက်ပွဲ မှာ ဖော်ပြထားတာက " ရာဇဝင် သက်သေ အထောက်အထားများအရ ကုလားများသည် ဗမာပြည်သို့ လာရောက် ကူးလူးနေကြသည်မှာ ရှေးခေတ်ကပင် ရှိခဲ့လေသည်။ ထိုစဉ်က လာကြသော ကုလားများမှာ ပြည်ကြီးသား ပီသကြလေသည်။ သူတို့ပြည်၌ မွန်မြတ်ကြီးပွားသော ဘာသာများကို ဗမာတိုင်းနေ ပြည်သားတို့ အကျိုးငှာ ဆောင်ယူခဲ့လေသည်။ သူတို့ပြည်တွင် စည်ပင်အောင် မြှင့်ပေးနေသည့် ဆေးပညာ ၊ ပိသုကာပညာ ၊ ပန်းချီပညာ စသည်များကို ဗမာပြည် ကြီးပွားစည်ပင်အောင် ယူဆောင်ခဲ့လေသည်။ အချို့ကုလားများမှာလည်း ဗမာဘုရင်၏ စစ်သည်တော်များ အဖြစ်ဖြင့် ထမ်းရွက်ရန် လာခဲ့ကြခြင်း ဖြစ်လေသည်။ ယခုခေတ်တွင် ဗမာပြည်သို့ ရောက်လာကြသော ကုလားများကား - ထို အဆိုပါ ရှေးကုလားများ၏ နာမည် နှင့် ကျေးဇူးတို့ကို ဖျက်ရန်လာသည်နှင့် တူတော့သည်။" တဲ့ ချစ်မူးညိုရေ။
ချစ်မူးညိုက သူကိုယ်တိုင် တိုက်ရိုက်စော်ကားလို့ မကောင်းတဲ့ အခါကြတော့ အထင်ကရပုဂ္ဂိုလ်တွေကို ခုတုန်းလုပ်ပြီး စော်ကားတာပ။ ဆရာ ဇော်ဂျီကိုလည်း စွဲသုံးလိုက်သေးတယ်။
"အဲဒီမှာ ဘာသွားပြီး လက်ဆောင်ပေးချင်သလဲ ဆိုတော့ ဆရာဇော်ဂျီခွဲပြထား မျိုးချစ်စိတ် အမျိုးအစားလေးခုကို ပြောချင်တယ်။
၁ - ခါတော်မှီ မျိုးချစ်စိတ်။
အမျိုးချစ်စိတ်တော့ အမျိုးချစ်စိတ်ပါပဲ။ ဒါပေမယ့်ခါတော်မှီ။ ဘယ်အချိန်မှာ ပေါ်လဲဆိုတော့ အရေးတစ်စုံတစ်ခု ပေါ်လာမှ ဟေး . . . ယောင်ရမ်းအော်တဲ့ မျိုးချစ်စိတ်။ ဂယောင်ဂတမ်း မျိုးချစ်စိတ်။ အများကြီးပဲ။ အဲဒါမျိုးတွေ။ အဲဒါမျိုးတွေ အဲဒီလိုမျိုးတွေ ဖြစ်အောင်လည်း လှုံ့ဆော်ပေးနေတဲ့ ဟာတွေလည်း အများကြီးပဲ။ ဟေး . . . ဒို့မှ ဒို့ကွ။ဘယ့်နှယ့်က ဘာညာ။ ဟာ မသိနားမလည်တဲ့ တိုင်းသူပြည်သားတွေ အပေါ် ပညာအခြေခံနည်းတဲ့ တိုင်းသူ ပြည်သားတွေကို ရန်တိုက်ပေးပြီးတော့ မိုက်ကယ်ဗယ်လီရဲ့ နည်းလို့ခေါ်တဲ့ အိန္ဒိယမင်းသား။ ဘယ်လိုလုပ်သလဲ ဆိုရင် ယာလည်းညက်စေ ၊ ကြက်လည်း မောစေ။ နှစ်ကောင်ခွပ် ။ ချ။ ယာထဲလွှတ်ပေးထားတာ။ ခွပ်တဲ့ ဒဏ်တွေနဲ့ ယာလည်းညက်သွားပြီ။ ကြက်လည်း မောသွားပြီ။ အဲဒီအချိန်ကြတော့မှ ပိုင်ရှင်က ဒဏ်ရာရတဲ့ ကြက်ကို ချက်စားပြစ်လိုက်တယ်။ အဲဒီလိနည်းလမ်း။ ခါတော်မှီ မျိုးချစ်စိတ် လုပ်နေတာ အင်မတန် ယုတ်မာတဲ့ နည်းလမ်း။
နံပါတ် (၂)က ကောက်ရိုးမီး မျိုးချစ်စိတ်။ မျိုးချစ်စိတ်တော့ မျိုးချစ်စိတ်ပါပဲ။ ကောက်ရိုးမီး။ သူလိုငါလို လူတိုင်းမှာ ရှိတယ်။ ခဏပမ်း ထတောက်တာ။ တစ်ခုခုဖြစ်ပြီဆို ဟေး . . . ဒို့ဟေ့။ ပြီးတော့ ပြီးသွားရော။ အဲဒီလို ခါတော်မှီ ခဏပမ်း မျိုးချစ်စိတ် သမားတွေက ဘယ်သူတွေကို စွဲပြီး ထုတ်လေ့ရှိသလဲဆိုရင် မင်းတို့ကောင်တွေ တွေ့လား။ အဲဒါက ကွန်မြူနစ် ၊ ဗကပ တွေ အစိုးရကို ဆန့်ကျင်တဲ့ သူပုန်လောင်းလေးတွေ။ အဲဒီကောင်တွေကို ရိုက်ဆိုပြီးတော့ လက်ပတ်နီ ဝတ်ပေးလိုက်တယ်။ တာဝန်ဆိုပြီးတော့ အဲဒီကောင်တွေကို လွှတ်ပေးတာ။ အဲဒါဟာ ကောက်ရိုးမီး မျိုးချစ်စိတ်။ ဟိုကောင်တွေက ဝုန်းခနဲ ထတောက်တာ။
နံပါတ်(၃) အမျိုးအစား "အယောင်ဆောင် မျိုးချစ်စိတ်"။ အံမယ် . . . မျိုးချစ်စိတ်ကလည်း အမျိုးအစားကွဲသား။ ကိုယ့်ကိုယ်ကျိုး စီးပွားအတွက် မျိုးချစ်စိတ် ရှိဟန်ဆောင်ပြီးတော့ ကိုယ့်ကိုယ်ကျိုးစီးပွားကို ကာကွယ်ဖို့ ၊ တိုးတက်ဖို့ ကိုယ့်ဆွေမျိုးသားချင်း အန္တရာယ်ကင်းဖို့အတွက် လုပ်နေတဲ့ အင်မတန် ယုတ်မာတဲ့ မျိုးချစ်စိတ်။ အဲဒါကို အယောင်ဆောင်မျိုးချစ်စိတ်လို့ ခေါ်တယ်။ မျိုးချစ်ချင်ယောင် ဆောင်တာ။ အမှန်တော့ ဘာမှ မရှိဘူး။ ဘာရှိလဲ။ သူ့ကိုယ်ကျိုးကို ကာကွယ်ချင်တယ်။
နောက်တစ်ခုက ဘာလဲဆိုတော့ "မျက်ကန်း မျိုးချစ်စိတ်"။ မိမိလူမျိုး မိမိဘာသာ သာသနာကလွဲလို့ ကျန်တဲ့ ဘာသာ သာသနာ ၊ ကျန်တဲ့အမျိုး အလကားပဲ ဆိုပြီး အဲဒီလို ပုတ်ခတ်ပြီး ရန်သူလို သဘောထားတဲ့ မျိုးချစ်စိတ်ကို ပြောတာ။ အဲဒါဟာ မျက်ကန်းမျိုးချစ်ပေါ့လေ။ ကိုယ့်ကိုယ်ကို ကလွဲရင် တခြားကို ရန်သူလို သဘောထားတာ။
ခါတော်မှီမျိုးချစ်စိတ်
ကောက်မျိုးမီးမျိုးချစ်စိတ်
အယောင်ဆောင်မျိုးချစ်စိတ်
မျက်ကန်းမျိုးချစ်စိတ်
မျိုးချစ်စိတ်တွေ များစွာခွဲပြထားတယ်။ ထားတော့။ အဲဒီအထဲမှာ ဆရာဇော်ဂျီ ပြောသွားတာက အသိဥာဏ်ပညာနဲ့ ယှဉ်သော မျိုးချစ်စိတ်တဲ့။" ဆိုပြီး ချစ်ဦးညိုက ပြောသွားတယ်။
ဗိုလ်ချုပ်တို့ ဆရာဇော်ဂျီတို့ ဆိုတာ ကျွန်တော်တို့တွေ အမြဲတမ်း ဦးထိပ်ပန်ဆင်ထားတဲ့ ပုဂ္ဂိုလ်တွေပါ။ မစော်ကားသင့် မစော်ကားအပ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်သလို ယနေ့ခေတ်မှာ လိုသလို အသုံးချခံနေရတဲ့ ပုဂ္ဂိုလ်တွေလည်း မဖြစ်သင့်ဘူးလို့ ယုံကြည်ပါတယ်။
ချစ်မူးညိုရဲ့ အာဘော် နှင့်တော့ ဆရာဇော်ဂျီက ပြောလိမ့်မယ်လို့ စဉ်းစားလို့တောင် မရပါဘူး။ ဆရာဇော်ဂျီပြောခဲ့ရင်လည်း အထက်ပါပုံစံတွေကို သာဓကပေးပြီး စွဲမြဲခိုင်မာတဲ့ မျိုးချစ်စိတ်ရှိဖို့ အသိဥာဏ်ပညာနဲ့ ယှဉ်တဲ့ အမျိုးသားရေးအသိရှိဖို့ ဆိုဆုံးမခြင်းသာ ဖြစ်ပါလိမ့်မယ်။
ချစ်မူးညိုက ဆရာဇော်ဂျီ ပြောတာလေးနဲ့ သူမလိုလားတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်ကိုလည်း တိုက်ရိုက်မပြောဝံ့။ ဝါးလုံးချီးသုတ်ရမ်းသလို ပြောထားတာ ကြားရတော့ နားကလောတယ်။
အာဇာနည်နေ့ ဟောပြောပွဲမှာ ဦးရာဇတ် နှင့် ဦးရာရှစ်လောက်သာ အမွှန်းတင်ပြီး ပြောသွားတော့ မင်းကို မွတ်ကုလားက ဘယ်လောက်ကန်တော့လိုက်သလဲလို့သာ မေးဖို့ ရှိတာပ။ အာဇာနည် ခေါင်းဆောင်ကြီးက ကိုးဦးဟ။ ခင်ဗျားတို့ လိုရင်လိုသလို အသုံးချ မလိုတော့လည်း ဂျောင်ထိုးပြီး ကုလားအမွှန်တင် စီကာပတ်ကုန်း ဝါးလုံးချီးသုတ်ရမ်း ပြန်တာပဲ။ အာဝဇ္ဇာန်း ကောင်းသူဆိုတော့ ပါးစပ်ထဲ လေတိုးရာ စီကာပတ်ကုံး ပြောတတ်တာပ။ လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ မြှောက်ပေးတဲ့ အသံလေးကြားရလေ မာန်ကြွလေ။ ရဲဆေးတင်ပြီး စော်ကားလေပေါ့။
အသိဥာဏ်ပညာနဲ့ ယှဉ်တဲ့ အမျိုးသားရေး အသိ ပြည်သူတွေကို ဘယ်လောက်များ ပေးပြီးပြီလဲ။ ဗုဒ္ဓစာပေတွေဟာ အကိုးအကား လုပ်လို့ ကောင်းတုန်းက လုပ်စားပြီးပြီ။ ကုလားကာ လုပ်မှ အကျိုးများမယ့် အချိန် ရောက်လာတော့လည်း လက်သွက်ခြေသွက် ကလောင်သွားထက် အရက်သမားပါးစပ် သွက်တယ်။
ပြောမယ် အမျိုးသားရေး ၊ နိုင်ငံရေး ၊ ဘာသာရေး အရေးကိစ္စအသီးသီး နယ်ပယ်အသီးမှာ အဆိုးအကောင်း ဒွန်တွဲနေတတ်တာ သဘာဝမဟုတ်ဘူးလား။ နိုင်ငံရေးသမား အမည်ခံပြီး စပွန်စာရရေးပဲ လုပ်စားနေတဲ့ ကောင်တွေရော မရှိဘူးလား။ အမျိုးသာရေးပြောပြီး ချစ်မူးညို ပြောသလို ခါတော်မှီ ၊ ကောက်ရိုးမီး ၊ အယောင်ဆောင် ၊ မျက်ကန်း တွေလည်ွးှိမှာပဲမဟုတ်ဘူးလား။ ဆရာဇော်ဂျီက အဲဒီလို မဖြစ်အောင် အသိဥာဏ်ပညာ နှင့်ယှဉ်သော အမျိုးသားရေးဖြစ်အောင် ဆောင်ရွက်ဖို့ ဆုံးမတဲ့ စကား။ ကုလားကာ လုပ်ပြီး ကုလားကို ထောပနာပြုဖို့ ခွဲခြားပြထားခဲ့တာ မဟုတ်ဘူး။
မျက်ကန်း မျိုးချစ်ဆိုတဲ့ အောက်မှာ ခင်ဗျားပြောသွားတဲ့ "မိမိလူမျိုး ၊ မိမိဘာသာ သာသနာက လွဲလို့ ကျန်တဲ့လူမျိုး ကျန်တဲ့ဘာသာ သာသနာ အလကား" ဆိုတဲ့ စကားဟာ မျက်ကန်းမျိုးချစ်ပဲ ဆိုတာကို ခင်ဗျားအမွှန်းတင်နေတဲ့ မွတ်ကုလားကြီးတွေ နဲ့ လက်ခုပ်တဖြောင်းဖြောင်းနဲ့ နားလည်မှုလွဲပြီး သြဘာပေးနေကြသတွေကို ပြောသင့်တာ။
ကျုပ်က တိတိကျကျ ပြောမယ်။ မွတ်စလင်တွေရဲ့ အယူဝါဒအရ သွတ်သွင်းထားတဲ့ မှိုင်းဟာ ခင်ဗျားပြောတဲ့ မျက်ကန်းမျိုးချစ် မှိုင်းပဲဗျ။
ကုရ်အာန်ကျမ်း အခန်း(၄၇) အပိုဒ်(၄) ကို လှန်ဖတ်ကြည့်လိုက်။ "(၄၇း၎) ယခုသော် အသင်တို့သည် ကာဖိရ် သွေဖယ်ငြင်းပယ်သော သူတို့နှင့် ရင်ဆိုင်တွေ့ကြသောအခါ လည်ကုပ်များကို ခုတ်ဖြတ်ကြလေကုန်။"
ကိုယ့်ဆရာ အဲဒီဘာသာရေး လမ်းညွှန်ချက်ရဲ့ အဓိပ္ပာယ်လေးကိုသာ မိမိရဲ့ တိုင်းရင်းသား ပြည်သူတွေ သဘောအောက် နားလည်အောင် ရှင်းပြပြီး အန္တရာယ်ကို အန္တရာယ်မှန်း သိအောင် တစ်လုံးလောက် ပြောပေးရင်ပဲ အထူးကျေးဇူးတင်မိမှာပါ။
ဘာသာမတူရုံမျှနဲ့ ရန်သူလို သဘောထားနေတာ သူတို့လား။ ကျုပ်တို့လား ဆိုတာမှ ခင်ဗျားကိုယ်တိုင် ခွဲခြားမသိဘဲ ပတ်လည်ပတ်ကုန်း ချီးသုတ်ပြီး မရမ်းပါနဲ့။
ထပ်ပြောပြအုံးမယ်ဗျာ။ ချစ်မူးညိုရေ ကုရ်အာန်ကျမ်း အခန်း(၉) အပိုဒ်(၃၄) မှာတော့ "(၉း၃၄) အို - မုအ်မင်န် သက်ဝင်ယုံကြည်သူ အပေါင်းတို့ ဧကန်စင်စစ်များစွာသော ရဟူဒီ ၊ ခရစ်ယာန် ဓမ္မဆရာများသည်လည်းကောင်း ၊ ဘုန်းကြီး ရဟန်းတို့သည်လည်းကောင်း လူတို့၏ ဥစ္စာပစ္စည်းများကို မတရားသော နည်းဖြင့် စားသောက်ကြကုန်၏။"
ကိုမူးညို ပြောတဲ့ "မိမိလူမျိုး မိမိဘာသာ သာသနာကလွဲရင် ကျန်ဘာသာ သာသနာ လူမျိုး အလကားပဲဆိုတဲ့ မျက်ကန်းမျိုးချစ်စိတ်" ခင်ဗျားသွားပြီး အမွှန်းတင်နေတဲ့ မွတ်ကုလားကြီးတွေ လက်ကိုင်ထားတဲ့ ဝါဒဖြစ်နေတာ ခင်ဗျား မသိရှာဘူး။
ဤသူတို့သည် ဤသို့အယူရှိကြလေကုန်၏ သူတို့ထဲမှာ ပါတာကို ပါတဲ့အတိုင်း ပြဆိုတာကို အမုန်းတရားလို့ ဆိုချင်သေးလား။ အဲဒါတွေက ကျုပ်စကားတွေ မဟုတ်ဘူး။ွတ်စလင်တွေ အာရဗီ နှင့် မြန်မာစာ ယှဉ်တွဲပြဆိုထားသည့်အတိုင်းသာ ထုတ်နှုတ်ပြဆိုခြင်းပါ။ အများကြီး ရှိသေးတယ်နော်။ လေ့လာကြည့်ကြအုံး။
ခင်ဗျားက အမျိုးသားရေးအတွက် မျိုးချစ်စိတ်အတွက် အသိပေးတာ မဟုတ်ဘူး။ စော်ကားချင်တာ ဖြစ်နေတဲ့ အတွက် ထုတ်နှုတ်ပြဆိုခြင်းပါ။
ခင်ဗျားက ဤသူတို့သည် ဤသို့အယူရှိကုန်၏ ဆိုတာမှ မလေ့လာဘဲ "လူသားဆန်သော အမျိုးသားရေးဝါဒ" လို့ ပြောတော့ အရှင်လတ်လတ် ခေါင်းဖြတ်သတ်နေတာတွေ ၊ အရှင်လတ်လတ် မီးရှို့သတ်နေတာတွေ ၊ လှောင်ချိုင့်ထဲ ထည့်ပြီး ရေနှစ်သတ်နေတာတွေ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို ရယူပြီး အဓမ္မသိမ်းသွင်း လွယ်လင့်တကူမရရင် နှိပ်စက်ကလူပြု ဘုရားပုံတော်တွေ ခြေနဲ့ နင်းပြီး စော်ကား ၊ ဘုရားပုံတော်တွေ ခေါင်းဖြတ်ပြီး စော်ကား ၊ မုဒိန်းကျင့်ရုံမျှ အားမရဘဲ လည်လှီးအသတ်ခံရတဲ့ မသီတာထွေးလို အဖြစ်မျိုး ၊ ဘုရာပနါတင်လို့ မိန်းမတံဓာထဲ ဓားနဲ့ထိုး ကလိပြီး အသတ်ခံရတဲ့ မဆုဆုလတ်လို ဖြစ်ရပ်မျိုး ကိုယ်တွေ့ခံစားပြီးရင်တော့ ခင်ဗျားတို့ နားလည်တန်ကောင်းပါရဲ့။
စာပေသမားကြီးတွေ ဖြစ်လို့ အမျိုးသား ရှေ့ဆောင် စာရေးဆရာကြီးများရဲ့ အမျိုးသားရေးအသိပညာပေး စာပေတွေကိုလည်း ဂျောင်ထိုးမထားကြပါနဲ့။ ခင်ဗျားပြောတဲ့ ဦးရာဇတ်လိုပဲ ကျုပ်တို့တန်ဖိုးထားရမယ့် အမျိုးသားပညာဝန် ဦးဖိုးကျား ဆိုတာလည်း ရှိပါရဲ့ဗျာ။ ဦးဖိုးကျားရဲ့ ကိုယ်တွေ့ဝတ္ထုလေးတွေထဲက "မယ်မြ" ဝတ္ထုလေး တစ်ခါလောက်များ မိမိရဲ့ စာပေချစ်သူ တိုင်းရင်းသား ပြည်သူတွေကို ရှင်းပြပါတော့လား။ ခင်ဗျားတို့တွေရဲ့ ဟောပြောမှုပုံစံ ပြောင်းလဲလာတဲ့ အခြေအနေကို နားလည်ပြီးဖြစ်လို့ နားမထောင်ဖြစ်နာလည်း အတော်ကြာပါပြီ။
ဆရာဇော်ဂျီကို ခုတုန်းလုပ်ပြီး အမျိုးဖျက် မိစ္ဆာဝါဒီတွေကို အမွှန်းတင်မယ့်အစား ဆရာဇော်ဂျီရဲ့ "သင်သေသွားသော်" ကဗျာလေးက အသိဥာဏ်ပညာနဲ့ ယှဉ်တဲ့ အမျိုးသာရေးဖြစ်ဖို့ လက်ဆောင်ပေးခဲ့ပြီး ဖြစ်တယ်ဆိုတာကို ခင်ဗျားမေ့ထားလေရော့သလား . . .
နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...