ရွှေကန် ပုလဲသားလေး ဆီသို့ လာလည်ကြသူ မိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ

Saturday, March 26, 2016

လေ့ကျင့်ခန်းမလုပ်ခြင်း ကျန်းမာရေး နဲ့ မညီညွတ်သည့် အစားအစာတွေ စားခြင်းက အရွယ်မတိုင်ခင်မှာ အိုမင်းနိုင်

ကျန်းမာရေးနှင့် မညီသောအစားအစာများ စားသုံးခြင်းနှင့် လေ့ ကျင့်ခန်းမလုပ်ခြင်းတို့ကြောင့် အိုမင်းသော ဆဲလ်များဖြစ်ပေါ်မှုကို မြန်ဆန်လာစေပြီး သာမန်အားဖြင့် သက်ကြီးရွယ်အိုများ၌သာ တွေ့ ရသောအခြေအနေများနှင့် ရောဂါများကို လျင်မြန်စွာ ကြုံတွေ့လာ နိုင်ကြောင်း Diabetes ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှုက ဆိုသည်။
အ၀လွန်ခြင်းကြောင့် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အမျိုးအစား (၂) ဆီးချိုရောဂါနှင့် အချို့သော ကင်ဆာရောဂါအမျိုးအစားများ ဖြစ်ပွားနိုင်သည့် အန္တရာယ်ပိုများသည်။ ယင်းအခြေအနေများအ နက်အချို့မှာ ကြိုတင်ကာကွယ်နိုင်သော်လည်း သေဆုံးမှုဖြစ်စေ သော အကြောင်းရင်းဖြစ်သည်။
 သုတေသီများက ကြွက်များဖြင့် လေ့လာခဲ့ခြင်းဖြစ်ပြီး သာမန် ကျန်းမာရေးနှင့်ညီသော အစားအစာများ ကျွေးထားသော ကြွက်များနှင့် အမြန်ပြင်စားစရာများ ကြွေးထားသော ကြွက်များကြား ကွာ ခြားချက်များကို လေ့လာခဲ့ကြသည်။

အမြန်ပြင်အစားအစာများစားသော ကြွက်များသည် ကျန်းမာ ရေးနှင့်မညီသော ကိုယ်အလေးချိန်ပြောင်းမှုများ ကြုံတွေ့ရပြီး လေး လအတွင်း ခန္ဓာကိုယ်အဆီသုံးဆခန့်ပိုများလာသည်။ ယင်းကြွက် များ၏ အဆီအများစုသည် ခန္ဓာကိုယ်အလယ်ပိုင်းတွင် စုဝေးဖြစ် ပေါ်ခြင်းဖြစ်ပြီး ကိုယ်တွင်းအင်္ဂါများတစ်ဝိုက်တွင်လည်း အဆီများ ဖြစ်ပေါ်လာသည်။
သို့သော် ယင်းကြွက်များကို လေ့ကျင့်ခန်းစလုပ်ခိုင်းလိုက်သည် နှင့် ကျန်းမာရေးသိသိသာသာစတင်တိုးတက်လာကြောင်း သုတေ သီများ လေ့လာတွေ့ရှိခဲ့သည်။ ကြွက်များကို လည်ပတ်နိုင်သော ဘီးထဲတွင် ထည့်၍ပြေးခိုင်းကာ လေ့ကျင့်ခန်းလုပ်ခိုင်းခြင်းဖြစ်သည်။အမြန်ပြင်အစားအစာများစားပြီး လေ့ကျင့်ခန်းလည်း မလုပ်သော ကြွက်များမှာ အိုမင်းသော ဆဲလ်များ လျင်မြန်စွာ ဖြစ်ပေါ်လာကြောင်းလေ့လာတွေ့ရှိခဲ့သည်။ ထို့အပြင် ၎င်းတို့တွင် နှလုံးရောဂါဖြစ်ပွား နိုင်သည့် အန္တရာယ်မြင့်မားလာပြီး ဇီဝဖြစ်စဉ်ဆိုင်ရာလုပ်ဆောင် ချက် ကမောက်ကမဖြစ်နိုင်ကြောင်း သုတေသီများက ပြောသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...