ရွှေကန် ပုလဲသားလေး ဆီသို့ လာလည်ကြသူ မိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ

Saturday, March 26, 2016

လေထုကို သန့်စင်ပေးသည့် အပင် ၉ မျိုး အကြောင်း

9 HOUSEPLANTS THAT CLEAN THE AIR
လေထုသန့် စင်ပေးတဲ့ အပင် ၉ မျိုးအကြောင်း တင်ပြချင်လို့ ပါ ။
အပင်အမည်တွေကို ဗမာလို အခေါ် အဝေါ် တွေနဲ့ ကွဲလွဲနိုင်တာမို့
သူ့ ပင်ကို နာမည်နဲ့ ဘဲ တင်ပြလိုက်ပါတယ် ။
အပင်ပုံစံကိုကြည့်ပြီး ရှာဝယ်လို့ ရနိုင်မှာပါ ။
အစွမ်းသတ္တိတွေသိရအောင် တစ်ပုံချင်း ဖြန့် ကြည့်စေချင်ပါတယ် ။








1) Garden Mum

ဒီအပင်ကို NASA ( National Aeronautics and Space

Administration ) က တွေ့ ရှိခဲ့တာလို့ ဆိုပါတယ် ။

ဒီအပင်က အိမ်တွင်း လေထုထဲက

အမိုးနီးယား ( ammonia ) ၊

ဘင်ဇင်း ( benzene ) ၊

ဖော်မောဒီဟိုက် formaldehyde )

ဇိုင်လင်း ( xylene ) ဓါတ်တွေကို ဖယ်ရှားနိုင်ပါတယ် ။

ဒါကြောင့် အလွန်အစွမ်းကောင်းတဲ့ လေသန့် စင်ပင်လို့

သတ်မှတ်ထားပါတယ် ။

ပေါ်ပြူလာဖြစ်ပေမယ့် ဈေးမကြီးဘူးလို့ ဆိုပါတယ် ။

အိမ်တွင်း အိမ်ပြင် စိုက်ပျိုးနိုင်ပါတယ် ။
 


2) Spider Plant

အပင်မြင်ရင် မြင်ဖူးပြီးသား ဖြစ်မှာပါ ။

စိုက်ရတာလွယ်လို့ ၊ စပြီး လုပ်ကြည့်ချင်ရင် ဒီအပင်က

စ လုပ်ပါတဲ့ ။



3) Dracaena

အမျိုးအစား ၄၀ လောက် ရှိပါတယ် တဲ့ ။

အပင်ပုံကြည့်ပြီး ရှာလို့ ရမှာပါ ။

ဒီအပင်ကလည်း အိမ်တွင်း လေထုထဲက

ဘင်ဇင်း benzene

ဖော်မော်ဒီဟိုက် formaldehyde

ထရိုင်ကလိုရို အီသိုင်လင်း trichloroethylene

ဇိုင်လင်း ဓါတ်တွေ ဖယ်ရှားနိုင်ပါတယ် ။

ဒီ ဓါတ်တွေဟာ လူတွေကိုသာမက အိမ်မွေး တိရိစ္ဆာန်ဖြစ်တဲ့

ခွေးတွေ ကြောင်တွေကိုပါ အဆိပ်အတောက်ဖြစ်စေပါတယ်
 
 
 
 
 5) Peace Lily

ဒီအပင်ကလည်း မြင်တွေ့ နေကျပါဘဲ ။

ပန်းအလှကိုဘဲ အာရုံပြုခဲ့ကြတာပါ ။

သူကလည်း အိမ်တွင်းက

ဘင်ဇင်း benzene

ဖော်မော်ဒီဟိုက် formaldehyde

ထရိုင်ကလိုရို အီသိုင်လင်း trichloroethylene

ဓါတ်တွေကို ဖယ်ရှားပါတယ် ။

ဒီအပင်က အရိပ်ရပြီး အအေးဓိတ်ရှိတဲ့နေရာမှာ ပိုဖြစ်ထွန်း

ပါတယ်





 
4) Ficus

ဒိအပင်က ၂ပေ လောက်ကနေ ၁၀ပေ လောက်ထိ ကြီးထွား

နိုင်ပါတယ် ။ လေကို သန့် စင်ရာမှာ အလွန်စွမ်းပါတယ် ။

အိမ်တွင်းက

ဘင်ဇင်း benzene

ဖော်မော်ဒီဟိုက် formaldehyde

ထရိုင်ကလိုရို အီသိုင်လင်း trichloroethylene

ဓါတ်တွေကို ဖယ်ရှားပေးပါတယ်။


6) Boston Fern

တိုက်ရိုက်နေရောင်မရတဲ့နေရာ ၊ အေးမြ စိုစွတ်တဲ့နေရာ

မှာ ဖြစ်ထွန်းပါတယ် ။

အိပ်ခန်းထဲမှာ ထားဖို့ ကောင်းပါတယ် ။

ဒိအပင်မျိုးလည်း မြင်တွေ့ နေ့ကျမို့ ရှာရ လွယ်မှာပါ ။

ဖော်မောဒီဟိုက် formaldehyde )

ဇိုင်လင်း ( xylene ) ဓါတ်တွေကို ဖယ်ရှားနိုင်ပါတယ်
 
 
 7) Snake Plant

ဒီအပင်လည်း အလွယ်တကူ ရှာလို့ ရပါတယ် ။

စိုက်ပျိုးရေးဆိုင်တခုက မန်နေဂျာမက ဒီအပင် အမည်ကို

ယောက္ခမလျှာလို့ ပြောပါတယ် ။

ကျနော်က ရယ်ပြီး ဘာလို့ အဲသလို ခေါ်တာလဲ လို့ မေးတော့

သူက ခပ်တည်တည် မရယ်မပြုံးနဲ့ .. ရှည်လို့ .. လို့ ဖြေပါ

တယ် ။

တိုက်ရိုက်နေရောင်လည်း သိပ်မလို ၊

ရေလည်း ၁လ ၁ခါ လောင်းရင် ရပါတယ် ။

အိမ်တွင်း လေထုထဲက

ဘင်ဇင်း ( benzene ) ၊

ဖော်မောဒီဟိုက် formaldehyde )

ဇိုင်လင်း ( xylene )

ထရိုင်ကလိုရို အီသိုင်လင်း trichloroethylene

ဓါတ်တွေ ဖယ်ရှား သန့် စင်ပေးပါတယ်
 
 
 
 
 
 
 ) Bamboo Palm

မြင်ဖူးနေကျ အပင်လို့ ထင်ပါတယ် ။

ဖောမောဒီဟိုက် formaldehyde ကို ဖယ်ရှားရာမှာ

အကောင်းဆုံးပါဘဲ ။

နေရောင် အလင်းရောင် ကြိုက်တဲ့ အပင်ပါ ။

၁၂ပေ လောက်ထိ ကြီးထွားပါတယ် ။

အိမ်တွင်းမှာ အလှဆင်လို့ လည်း ကောင်းပါတယ် ။

ဘင်ဇင်း ( benzene ) ၊

ဖော်မောဒီဟိုက် formaldehyde )

ထရိုင်ကလိုရို အီသိုင်လင်း trichloroethylene

ဓါတ်တွေ ဖယ်ရှား သန့် စင်ပေးပါတယ် ။

 
9) Aloe Vera

ရင်နှီးပြီးသား အပင် ဖြစ်ပါတယ် ။ သူ့ အစွမ်းတွေလည်း

သိပြီးသားဖြစ်ပါတယ် ။ ဆေးဖက်ဝင် အပင်ဖြစ်သလို

အိမ်တွင်းမှာ စိုက်ရင် ဖော်မောဒီဟိုက် formaldehyde )

ကို ဖယ်ရှားပေးပါတယ် ။
 
 facebook ကနေ ပြန်လည် မျှုဝေပါတယ်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...