ရွှေကန် ပုလဲသားလေး ဆီသို့ လာလည်ကြသူ မိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ

Saturday, March 26, 2016

မြစိမ်းရောင် စီမံကိန်း ဆိုတာ




၁။"ချေးတဲ့ငွေဆိုတာပြန်ပေးရမှာပဲ"တဲ့။
ချေးငွေ(loan)နဲ့ရန်ပုံငွေ(fund)ဆိုတာကွဲပြားခြား
နားပါတယ်။ချေးငွေတိုင်းဟာပြန်လည်ပေးဆပ်ရမှာပါ။
ဒါပေမယ့် မြစိမ်းရောင်စီမံကိန်းဟာအရင်းမပျောက်
လည်ပတ်ရံပုံငွေ(fund)ပါ။နိုင်ငံတော်အစိုးရဟာ
၂၀၁၄-၂၀၁၅/၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်များအ
တွက်ကျေးရွာ(၅၃၇၄)ရွာအတွက်နိုင်ငံတော်ရန်ပုံငွေ
(၁၆၁.၂၂)ဘီလီယံကိုမြစိမ်းရောင်စီမံကိန်းဝင်ရွာတစ်
ရွာကိုကျပ်သိန်း၃၀၀ အပြီးအပိုင်လွဲပြောင်းပေးအပ်ခြင်း
ဖြင့်အကောင်အထည်ဖော်နေခြင်းဖြစ်ပါတယ်။မြစိမ်း
ရောင်ကျေးရွာများဟာမိမိရွာသားများဖြင့်သက်ဆိုင်ရာ
ကော်မတီများဖွဲ့ပြီး နိုင်ငံတော်ကအပြီးအပိုင်လွဲပြောင်း
ပေးအပ်ခဲ့သောငွေကျပ်သိန်း၃၀၀ ကိုတိုးပွားအောင်မိ
မိရွာသူရွာသားများ၏အသက်မွေးဝမ်းကျောင်းလုပ်ငန်း
များအတွက်လိုအပ်သောချေးငွေများကိုသင့်တင့်သော
အတိုးနူန်းဖြင့်ထုတ်ချေးပေးခြင်းမှတဆင့်နောင်ငွေများ
တိုးပွားလာပါကမိမိရွာဖွံ့ဖြိုးရေးလုပ်ငန်းများကိုလုပ်ကိုင်
စေခြင်းဖြစ်ပါတယ်။နိုင်ငံတော်ကိုပြန်လည်ပေးဆပ်ရန်
မလိုပါ။ဒါကြောင်"ချေးငွေဆိုတာပြန်ပေးဆပ်ရမှာဘဲ"
ဆိုတဲ့စကားဟာမှားပါတယ်။

၂။"ပြည်သူလူထုအကျိုးအတွက်ထက်အစုအဖွဲ့တစ်ခု
အတွက်ဂုဏ်ရှိရေးပေါ့"တဲ့။
မြစိမ်းရောင်စီမံကိန်းကိုလက်တွေ့အကောင်အထည်
ဖော်ရတာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ပါ။အကောင်အထည်ဖော်နေတဲ့ ကျေးရွာများဆီသို့
ဝန်ထမ်းများကိုယ်တိုင်အရောက်သွားပြီး မြစိမ်းရောင်
ရန်ပုံငွေများစနစ်တကျစီမံခန့်ခွဲပြီးတိုးတက်အောင် မိမိ
စရိတ်မိမိစားပြီးပင်ပန်းစွာလုပ်ဆောင်နေကြပါတယ်။
အဲဒီလိုလုပ်ဆောင်ရာမှာလည်းကျေးရွာနှင့်ဝန်ထမ်း
အချိုးမညီမျှပေမယ့်ကျေနပ်စွာဖြင့်နိုင်ငံတော်အစိုးရ၏
နိုင်ငံတော်ရန်ပုံငွေဖြင်ကူညီလုပ်ဆောင်ပေးခြင်းဖြစ်
တယ်လို့အတိအလင်းပြောကြားပြီးဖြစ်ပါတယ်။
ဒါကြောင့်"အဖွဲ့အစည်းတစ်ခုအတွက်ဂုဏ်ရှိရေး"
ဆိုတာမိမိတို့အမှန်တကယ်အကောင်အထည်
ဖော်ပေးနေသူအတွက်မှားပါတယ်။
၃။"ပြည်ပမှချေးငွေကိုပြန်ချေးခြင်း"တဲ့။
မြစိမ်းရောင်ချေးငွေဟာ ပြည်ပမှချေးငွေမဟုတ်ပါ နိုင်
ငံတော်ရန်ပုံငွေဖြစ်ပါတယ်။ပြန်လည်ပေးဆပ်ရန်မလို
သော အပြီးအပိုင်လွဲပြောင်းပေးခဲ့သောအရင်းမပျောက်
လည်ပတ်ရန်ပုံငွေအမျိုးအစားသာဖြစ်ပါတယ်။
၎။"သိပ်ပြီးတော့အထင်မကြီးပါနဲ့"တဲ့။
မြစိမ်းရောင်ရန်ပုံငွေစီမံကိန်းဆိုတာ ကျေးလက်နေပြည်
သူလူထု၏ဆင်းရဲမှုလျော့ကျစေရေးအတွက်ရည်ရွယ်
လုပ်ကိုင်နေခြင်းဖြစ်ပါတယ်။ အထင်ကြီးစေလိုသည့်
ရည်ရွယ်ချက်စိုးစဉ်းမျှမရှိကြောင်း သိစေလိုပါတယ်ခင်
ဗျာ။
မှတ်ချက်။ ။၂၆.၁၀.၂၀၁၅ ရက်နေ့ထုတ်7day dailyသတင်းစာကို
ဖတ်ရူပြီး ခံစားရေးဖွဲ့ပါတယ်။
"မြစိမ်းရောင်စီမံကိန်းကို မည်သည့်အဖွဲ့အစည်းမဆို
သေချာစွာသိရှိခြင်းမှတဆင့် ဝိုင်းဝန်းကူညီနိုင်ကြပါစေ"

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...