ရွှေကန် ပုလဲသားလေး ဆီသို့ လာလည်ကြသူ မိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ

Saturday, March 26, 2016

ဝေသာလီ နိဂုံး...မြန်မာပြည် နိဒါန်း....

'မြတ်စွာဗုဒ္ဓ..ထင်ရှားရှိစဉ်...
.....ရာဇဂြိုလ်နှင့်..ဝေသာလီဖြစ်အင်...
.....နှစ်ပြည်ထောင်ကြား..ပိုင်ထားတောင်တွင်...
.....ရတနာများ....ထူးခြားပေါ်ထွက်စဉ်......
ရာဇဂြိုလ်ပြည်ကိုအုပ်ချုပ်တာက...
သက်ဦးဆံပိုင်ဘုရင်...အဇာတသတ်...
ဝေသာလီကို အုပ်ချုပ်တာက...
ယနေ့ခေတ်ရေပန်းစားနေတဲ့.ဒီမိုကရေစီ.စံနစ်နှင့်တူသောစံနစ်ဖြင့်အုပ်ချုပ်ကြသော...လိစ္ဆဝီမင်းများ...
တစ်နှစ်တစ်ခါ ဆိုသလို နှစ်ပြည်ထောင်ကြားက တောင်ကနေရတနာတွေပေါ်ထွက်လာပါတယ်...
ဘုရင်အဇာတသတ်က...မနက်ဖြန်သွားမယ်..သန်ဘက်ခါမှသွားမယ်ဆိုပြီးနေ့ရွှေ့....ညရွှေ့. ဖြစ်နေတဲ့အချိန်........
ဝေသာလီ..က.လိစ္ဆဝီမင်းတွေကတော့...ချက်ခြင်းအစည်းအဝေးခေါ်...ချက်ခြင်းဆွေးနွေး..ချက်ခြင်းသဘောတူဆုံးဖြတ်..ပြီး...ရတနာတွေကိုတူးဖော်လိုက်ကြပါတယ်..
တစ်ကြိမ်...နှစ်ကြိမ်..သုံးကြိမ်..ဖြစ်လာတဲ့အခါ. အဇာတသတ်..ဘုရင်ဟာ..ရှက်လည်းရှက်..ဒေါသလည်းထွက်ပြီးစစ်တိုက်မယ်...စစ်တိုက်ထွက်မယ်..တကဲကဲဖြစ်ပြီး..ရာဇသွေးကြွနေပါတယ်....ဘုရင်အဇာတသတ်ဟာ..အဖသတ်သား....ဆိုသော်ငြားလည်း...ဗုဒ္ဓရှင်တော်ကို..အလွန်အမင်းကြည်ညိုသူတစ်ဦးဖြစ်တဲ့အတွက်...ရှင်တော်ဗုဒ္ဓကို...အကြောင်းတရားလျှောက်ထားရင်ဖြင့် သင့်တော်သောစကားမြွက်ကြားလိမ့်မယ်...ဘာတစ်ခွန်းမှမမိန့်ကြားရင်တော့ စစ်သည်အလုံးအရင်းဖြင့်စစ်တိုက်ထွက်မယ်...လို့ဆုံးဖြတ်ချက်ချပြီး...ဝေဿကာရ..အမတ်ကို..ရှင်တော်ဗုဒ္ဓထံသွား...အကြောင်းစုံကိုလျှောက်ထား..မိန့်ကြားတဲ့စကားကိုအသေအချာမှတ်သားခဲ့ဖို့ စေခိုင်းပါတယ်....
ဝေဿကာရ အမတ်ကြီးလည်း..ရှင်တော်ဗုဒ္ဓထံသွား..အကြောင်းစုံလျှောက်ထားတော့..
မြတ်စွာဘုရားက ဝေဿကာရကိုမပြောပဲ
အာနန္ဒာကိုသာမိန့်တော်မူပါတယ်။
တိုင်းပြည် တိုးတတ်ကြောင်း တရား ၇ ပါး '
မြတ်ဗုဒ္ဓ သည် လိစ္ဆဝီမင်းသားတို့အား အကြောင်းပြု၍ အပရိဟာနိယ တရားခုနှစ်ပါးကို ဟောကြားတော်မူခဲ့ ပါတယ်။
၁...စည်းဝေးတိုင်ပင်ခြင်း
၂...အညီအညွတ်ဆောင်ရွက်ခြင်း
၃...ဥပဒေအတိုင်းကျင့်ခြင်း
၎...လူကြီးသူမတို့၏ အဆုံးအမ၌ တည်ခြင်း
၅...အမျိုးသမီးအား မနှိပ်စက်ခြင်း
၆...မြို့စောင့် ရွာစောင့်နတ်တို့အား ပူဇော်ခြင်း
၇...ရဟန္တာတို့အား စောင့်ရှောက်ခြင်း ဟူ၍ ဖြစ်လေသည်။
အပရိဟာနိယသည် မဆုတ်မယုတ် မပျက်မစီးနိုင်ခြင်းဟူ၍ အဓိပ္ပာယ်ရပါတယ်။ အာ့ကြောင့် ဒီ အပရိဟာနိယတရားကို ကျင့်ကြံကြလျှင် တိုင်ပြည် တိုးတက်သာယာ ဝပြော ပါလိမ့်မည်။
ညီညွတ်နေသမျှ...ဝေသာလီပြည် ဟာ..ဘယ်တော့မှမပျက်စီးနိုင်ကြောင်း..အစရှိတဲ့ အပရိဟာနိယ.
တရားများမိန့်ကြားပါတယ်။
ဒါကိုကြားတဲ့ အမတ်ကတော့
ဝေဿကာရ အမတ်ဟာ...ဝေသာလီ..ရဲ့ညီညွတ်မှုကိုဖြိုခွဲနိုင်မှ အနိုင်ရမည်...ဟု..သဘောပေါက်ကာ အဇာတသတ်ကိုလျှောက်တင်ပါတယ်.....ဘယ်လိုညီညွတ်မှုကိုဖြိုခွဲရမလဲ. ဝေဿကာရ အမတ်ကြီး..ညာဏ်နီ..ညာဏ်နက်တွေ..ညာဏ်ကာလာစုံတွေထုတ်စမ်းပါဦး...ဆိုတော့......အရှင်မင်းကြီးက.ညီလာခံမှာ..ဝေသာလီ..လိစ္ဆဝီမင်းများကိုစစ်တိုက်မယ်...လို့ရာဇမာန်အပြည့်နဲ့အမိန့်ချမှတ်ပါ..အကျွန်ုပ်က..အရှင်မင်းကြီးနဲ့ဆန့်ကျင်ဘက်...ဝေသာလီက လိစ္ဆဝီမင်းတွေကို..လက်ဆောင်ပဏ္ဏာများဆက်သသင့်ကြောင်းလျှောက်တင်ပါ့မယ်...ဒီအခါ..အရှင်မင်းကြီးကအမျက်တော်ရှ..ဒေါသချောင်းချောင်းထွက်ပြီး..အကျွန်ုပ်ကို ခေါင်းတုံး.တုံးပြီး.တိုင်းပြည်ကနှင်ထုတ်လိုက်ပါ....ဆိုတဲ့အတိုင်းလက်ဝါးချင်းရိုက်ကာညီလာခံသဘင်ကျင်းပပါတယ်.....ဝေဿကာရ.အမတ်ကြီးတိုင်းပြည်ကနှင်ထုတ်ခံရတော့...နှစ်ပြည်ထောင်ကြားက ဂင်္ဂါမြစ်ကမ်းနှဖူးမှာ
တုတ်တစ်ချောင်းနဲ့ ဟိုခြစ်..ဒီခြစ်လုပ်နေပါတယ်........ဒီသတင်းကိုကြားသိကြတဲ့..
ဝေသာလီက လိစ္ဆဝီမင်းတွေက...ဝေဿကာရ အမတ်ကြီးဟာ ငါတို့လိစ္ဆဝီမင်းတွေကိုစစ်တိုက်ဖို့သဘောမတူတဲ့အပြင်လက်ဆောင်ပဏ္ဏာများတောင်ဆက်သသင့်ပါတယ်..လို့လျှောက်တင်မိတာနဲ့.အခုတိုင်းပြည်ကနှင်ထုတ်ခံရတယ်...သနားစရာကောင်းလိုက်တာ..သနားစရာကောင်းလိုက်တာ...ဆိုပြီးပြောဆိုနေကြရင်းညီလာခံမှာ..ဝေဿကာရ အမတ်ကြီးကို ကျေးဇူးပြု ကူညီသင့်တဲ့အကြောင်း..တစ်ချို့က..ဝေဿကာရ အမတ်ကြီးဟာ.ပညာတတ်သလောက် ယုတ်မာ ကောက်ကျစ်တဲ့အကြောင်းငြင်းခုံကြပါတော့တယ။
ဒီအခါမှာ..သူတို့ရဲ့ထုံးစံအတိုင်း...အင်အားများသူရဲ့ဆန္ဒအတိုင်းဖြစ်ရမယ်..ဆိုပြီးမဲခွဲဆုံးဖြတ်တဲ့အခါ...
ဝေဿကာရအမတ်ကြီးကိုကျေးဇူးပြု ကူညီကြမည့်သူအရေအတွက်ကများလို့ အမတ်ကြီးကိုနန်းတော်ထဲခေါ်ကာ အရင်လုပ်ခဲ့ဘူးတဲ့ဥပဒေပညာရှင်ကြီးနေရာမှာတာဝန်ပေးကြပါတယ်...အမတ်ကြီးကလည်း သူ့ကို ကူညီစောင့်ရှောက်ကြတဲ့အတွက်ဆိုပြီး..မှန်မှန်ကန်ကန်တိတိကျကျ ဥပဒေနဲ့ဆောင်ရွက်ပါတယ်...သင်ယူလိုသူများကိုလည်းစေတနာပါပါ သင်ပြပေးပါတယ်...အမတ်ကြီးရဲ့စေတနာပါပါသင်ပြပေးမှုကြောင့်လိစ္ဆဝီမင်းများသာမက..နန်းတွင်းသူတွေ..မူးမတ်တွေအကုန်လုံးကလေ့လာသင်ယူကြပြီး အမတ်ကြီးကိုလေးစားကြ..ရိုသေကြ..ချစ်ခင်မြတ်နိုးကြပါတယ်..၃နှစ်လောက်လုပ်ပြလိုက်တယ်ဆိုရင်ပဲ ဝေသာလီ လိစ္ဆဝီတွေဟာ အမတ်ကြီးအပေါ် လုံးဝသံသယကင်းရှင်းစွာ ယုံကြည်ကြပါတယ်...အားလုံးက သူ့ကိုယုံကြည်ကြောင်းသေချာသွားတဲ့အခါမှာတော့..အမတ်ကြီးဟာ..မူလအစီအစဉ်တိုင်း ဝေသာလီရဲ့ညီညွတ်မှုကိုဖြိုခွင်းတဲ့အကြံအစည်ကိုစတင်ပါတော့တယ်...အမတ်ကြီးဟာ...ညီလာခံမှာပဲဖြစ်ဖြစ်..ညီလာခံအပြင်မှာပဲဖြစ်ဖြစ်...တွေ့တဲ့သူများကိုစကားသံတိုးတိုးဖြင့်မေးခွန်းများကိုမေးလေ့ရှိပါတယ်...သတ္တုတွင်းဝန်ကြီးနဲ့တွေ့တဲ့အခါ..ဝန်ကြီးရယ်..ရွှေ၁ ကျပ်သားဘယ်နှစ်ရွေး..ရှိပါသလဲ...အော်အမတ်ကြီးရယ် ရွေး၁၂၀ ရှိတာပေါ့..တိုးတိုးမေး..တိုးတိုးဖြေပေါ့...လယ်ယာစိုက်ပျိုးရေးဝန်ကြီးနဲ့တွေ့ရင်..ဝန်ကြီးရယ် လယ်ထွန်ရင် နွားဘယ်နှစ်ကောင်..ကျွဲဘယ်နှစ်ကောင်နဲ့ထွန်ယက်ပါသလဲ...၂.ကောင်ပေါ့အမတ်ကြီးရယ်..အဲ့ဒီလိုလူတိုင်းလူတိုင်းကိုလိုက်မေးပါတယ်..ဆင်းရဲတဲ့သူ..ချမ်းသာတဲ့သူ...ရာထူးရှိ..ရာထူးမဲ့..မင်းသားအကြီး..မင်းသားအငယ်တွေလိုက်မေးပါတယ်...အမတ်ကြီးက တစ်ယောက်ယောက်နဲ့မေးဖြေစကားပြောကြားပြီးရင်ကျန်တဲ့သူတွေက အမေးခံရတဲ့သူကိုမသိမသာ ပြန်မေးကြပါတယ်...အမှန်အတိုင်းလည်းပြန်ဖြေကြပါတယ်..သို့သော်. အချင်းချင်းမယုံကြတော့ပါဘူး...ဒီလိုမေးခွန်းမျိုးကို ဒီလိုပညာရှိအမတ်ကြီးကတော့မမေးလောက်တန်ရာ...ဆိုပြီးသံသယတွေဝင် အချင်းချင်းစိတ်ဝမ်းတွေကွဲ အစည်းအဝေးခေါ်ရင်လည်းမလာ..ဖြစ်ကုန်ကြပါတယ်....ဝေသာလီပြည်သားတွေ အားလုံးမညီမညွတ်စိတ်ဝမ်းတွေကွဲကုန်ကြပြီဆိုတဲ့အခါကျမှ ဝေဿကာရ အမတ်ကြီးဟာ..ဘုရင်အဇာတသတ်ထံ ယခုအချိန်စစ်လာတိုက်လျှင်ဒုက် ဓါး လက်နက်များအသုံးပြုစရာမလိုပါပဲ ဝေသာလီကိုသိမ်းပိုက်နိုင်တဲ့အကြောင်း.....သဝဏ်လွှာပေးပို့လိုက်ပါတယ်...အဇာတသတ်လည်းစစ်သည်တွေနဲ့ချီတက်လာပြီးဝေသာလီမြို့တံခါးရောက်လာပါတယ်....ဝေသာလီ ကိုကာကွယ်လိုတဲ့ လိစ္ဆဝီတွေက ခုခံကာကွယ်ဖို့ ညီလာခံခေါ်တဲ့အခါ သူသာလျှင်ဆိုင်တယ် ငါတို့နဲ့မဆိုင် သူတို့လုပ်လိမ့်မယ်..အစရှိသဖြင့်ညီလာခံမတက်အစည်းအဝေးမလာပဲနေကြပါတယ်..တဖြေးဖြေးနဲ့ အဇာတသတ်ရဲ့စစ်တပ်ကြီးကလည်း နန်းတော်ထဲရောက်လာပါတယ။
ခုခံမည့်သူ..ကာကွယ်မည့်သူမရှိတဲ့အခါ အလွယ်တကူ လည်ဖြတ်အသတ်ခံလိုက်ကြရတာ ဝေသာလီတစ်ပြည်လုံးမျိုးတုန်းသွားပါလေရော
စာဖတ်သူတို့ရေ ဝေသာလီရဲ့ နိဂုံးဟာ
မြန်မာပြည်ရဲ့နိဒါန်းအဖြစ်ခံမည်လော
ယနေ့ ခေတ်အခြေအနေတွေနဲ့
ဝေသာလီအခြေအနေတူနေတာကို
မြင်အောင်ကြည့်ပြီး
စည်းလုံးညီညွတ်စွာ
ကာကွယ်နိုင်ကြပါစေ။
MR TV 4 ဆရာတော် ရဲ့ တရားလေးပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...