ရွှေကန် ပုလဲသားလေး ဆီသို့ လာလည်ကြသူ မိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ

Saturday, March 26, 2016

အဆစ်အမြစ်နာကျင်မှုကို ကုသရာတွင် ပါရာဇီတမောလ် ကထိရောက်မှုမရှိ ဘူးတဲ့

နာကျင်ကိုက်ခဲခြင်းနှင့် အဖျားတက်ခြင်းတို့အတွက် ကျယ် ကျယ်ပြန့်ပြန့်အသုံးပြုနေကြသည့် ပါရာစီတမောလ်ဆေးသည် ဒူး  နှင့် တင်ပါးတို့တွင် အဆစ်နာကျင်မှု ခံစားနေကြရသော လူနာများ အတွက် နာကျင်မှုကို လျှော့ချရာတွင် (သို့မဟုတ်) ကိုယ်ကာယ လုပ်ဆောင်ချက်တိုးတက်အောင် လုပ်ဆောင်ရာတွင် ထိရောက်မှု အနည်းဆုံးစံနှုန်းအောက်သာရှိကြောင်း လေ့လာမှုတစ်ခုက ဖော်ပြ သည်။

The Lancet ဂျာနယ်တွင် ဖော်ပြထားသော ယင်းလေ့လာမှု သည် အဆစ်အမြစ်နာကျင်မှုအတွက် နာကျင်မှုသက်သာစေသည့် ဆေးဝါးအသုံးပြုမှုများအပေါ် ကျယ်ကျယ်ပြန့်ပြန့် လေ့လာထားမှု များကို အခြေခံထားသည်။
မိမိသဘောဖြင့် သောက်သုံးသူများအဆစ်အမြစ်နာကျင်သော  ရောဂါအတွက် ကုသရာတွင် ပါရာစီတမောလ်သည် ထိရောက်မှု မရှိကြောင်း ယင်းလေ့လာမှုက ဖော်ပြသည်။
Diclofenac ဆေးကို တစ်နေ့လျှင် ၁၅၀ မီလီဂရမ်သောက်ပေး ခြင်းကြောင့် ကာလတိုနာကျင်မှုသက်သာအောင် ကုသရာတွင် အ ထိရောက်ဆုံးဖြစ်ကြောင်း သုတေသီများက ပြောသည်။ သို့သော် ယင်းဆေးများကို ကာလရှည်အသုံးပြုမည်ဆိုပါက ဘေးထွက်ဆိုး ကျိုးများကို မသိရဟု ၎င်းတို့က ပြောသည်။
ကမ္ဘာတစ်ဝန်းအမျိုးသားများ၏ ၉ ဒသမ ၆ ရာခိုင်နှုန်းနှင့် အသက်(၆၀) အထက် အမျိုးသမီးများ၏ ၆၀ ရာခိုင်နှုန်းသည် အဆစ်အမြစ်နာကျင်ကိုက်ခဲမှုအခြေအနေနှင့် ကြုံတွေ့နေရပြီး ယင်းအ ခြေအနေက လူနာများ အ၀လွန်လာနိုင်သည့် အန္တရာယ်မြင့်မားကာ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ဆီးချိုရောဂါနှင့် သာမန်ရောဂါများ ဖြစ်ပွားနိုင်သည့် အန္တရာယ်လည်း မြင့်တက်လာနိုင်သည်။
ယခုလေ့လာမှုတွင် အဆစ်အမြစ်ရောင်ရမ်းမှု ကြုံတွေ့နေ သည့် လူနာ ၅၈,၅၅၆ ဦးပါဝင်သည်။
Diclofenac ဆေးသည် အဆစ်အမြစ်နာကျင်မှုအတွက် ကုသ ရာတွင် အထိရောက်ဆုံးဖြစ်သော်လည်း ရေရှည်အသုံးပြုရန် လမ်း ညွှန်မထားဟု သုတေသီများက ပြောသည်။

sevenday မှ ကူးယူပါသည် .

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...