ရွှေကန် ပုလဲသားလေး ဆီသို့ လာလည်ကြသူ မိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ

Saturday, March 26, 2016

စိတ်ကြိုက် ဖန်တီးနိုင်တယ်

                                  စိတ်ကြိုက်ဖန်တီးနိုင်တယ်
                               •~•~•~•~•~•~•~•~•~•~•
လူတိုင်း လူတိုင်းဟာ မိမိတို့ ရဲ့ဘဝကို
ကိုယ်ကိုယ်တိုင်ပဲ စိတ်ကြိုက်ပုံဖေါ်လေ့
ရှိကြတယ် ။
ကမ္ဘာပေါ်မှာရှိတဲ့ လူသား
တိုင်းဟာ တယောက်တမျိုးစီနဲ့ ကိုယ့်ဘဝ
ကိုယ့်ကိုကိုယ် ဖေါ်ထုတ်နေကြတယ်
အဲဒီမှာ တစ်ခုသတိထားမိတာက
ဗုဒ္ဓဘာသာမှ လွဲ၍ အခြားဘာသာဝင်များဟာ လူ့ ဘဝ တစ်ဘဝအတွင်းက
အကြောင်းအရာလောက်ကိုသာ ဦးတည်ပြီးပုံဖေါ်နေကြတယ် သူတို့ ဟာ စီးပွားရှာ
တယ် ချမ်းသာတယ် ရလာတဲ့ပိုက်ဆံကို
ဇိမ်ခံအသုံးအဆောင်နဲ့ ကိုယ်ဘဝကိုကိုယ်
စိတ်ချမ်းသာအောင် နေကြတယ်
အများအကျိုး ဆောင်ရွက်လိုစိတ်ရှိကြတဲ့
ဘီလ်ဂိတ်တို့ လို သူဌေးကြီးတွေကလည်း
မိမိတို့ ရဲ့ စည်းဇိမ်ကို ဆင်းရဲသားတွေနဲ့ 
မျှဝေခံစားတယ် ဒီထက်ပိုပြီး မစွမ်းဆောင်နိုင်ကြဘူး
ဒီဘဝသေရင် နောက်ဘဝကူးကောင်းဖို့ 
အတွက် သေခါနီးမှာ စိတ်ထားတက်ဖို့ က
အရေးကြီးလှတယ် ဒီဘဝမှာဘယ်လောက်ပဲ ဒါနတွေပြုပြု
သေခါနီးတချက်မှားတာနဲ့  သွားပြီ
ဘာသာခြားတွေဖြစ်တဲ့အတွက် သေခါနီး
ရင် ကိုယ့်အလှူကို အာရုံပြု မလား
ဘုရားသခင်ဆိုတာကို အာရုံပြုမှာလား
ဒါစဉ်းစားစရာဖြစ်နေတယ် လွဲချော်လို့ 
ကတော့ - - - -
ကမ္ဘာကျော်စာရေးဆရာကြီး ဘားနပ်ရှော
က သေခါနီးမှာ ညည်းတွားခဲ့တယ်
နောက်ဘဝရှိမရှိ သိချင်လိုက်တာ တဲ့
သူ့ ခင်ဗျာ ဘာကို အာရုံပြုပြီး သေရမှန်း
မသိဘူး
ဗုဒ္ဓက မောဟနဲ့ သေ တိရစ္ဆာန်
ပြည် ဆိုတော့ သူလည်း အကြောင်း
မကောင်းလောက်ဘူး
သံသရာတို့  ၃၁ ဘုံတို့ အကြောင်းကို
မသိတဲ့အတွက် လူတော်တွေဖြစ်ကြပေမဲ့
သေတော့လည်း - - - -
ဗုဒ္ဓဘာသာဝင်များကျတော့လည်း
သေခါနီးရင် ဒါနအာရုံပြုရမယ် သီလ
သမထ ဝိပဿ နာ အာရုံပြုရမယ်ဆိုတာ
လူတိုင်းသိကြတယ် မသေခင်မှာလည်း
နတ်ပြည်ရောက်ကြောင်း နိဗ္ဗါန်ရောက်
ကြောင်းစတဲ့ တရားတော်တွေကို
မိမိတို့ ဆန္ဒရှိသလို ပုံဖေါ်နိုင်ကြတယ်
မိမိအာရုံပြုနိုင်တဲ့
ကောင်းမှု့လေးက မိမိကို သုဂတိဘုံကို
ပို့ နိုင်စွမ်းရှိတယ်ဆိုတာကိုလည်း
ယုံကြည်ကြတယ် သရဏဂုံတို့  ငါးပါးသီလ တို့ ကမှအစ တကယ်လည်း
နတ်ပြည်စတဲ့သုဂတိဘုံကို ပို့ နိုင်တယ်
-
ကျွန်တော်တို့ တတွေဟာ
ဗုဒ္ဓဘာသာဝင်များဖြစ်ကြရတာ
အင်မတန်ကံကောင်းလှပါတယ်
ကိုယ့်ဘဝကို ကိုယ် စိတ်ကြိုက်ပုံဖေါ်ခွင့်
ရ ရှိနေကြလို့ လေ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...