_________________________
လူတွေ ဒုက္ခ ရောက်တာကို ပြောနေကြတယ်....
သူတို့ တွေ ဘယ်လောက်ဆိုးဝါးတဲ့ အကုသိုလ်တွေ လုပ်ခဲ့ကြလည်းမှ မသိဘဲ....
ဒုက္ခ မဖြစ်သမျှ မကြောက်ကြဘူး....
ဒုက္ခ ဖြစ်လာတော့ ကယ်ပါ ယူပါ အော်တယ်....
လူအများ သွားနေကြတာက ဒုက္ခလမ်း....
လက်တွေ့ လုပ်ကိုင်နေကြတာက အကုသိုလ်တွေ....
အကုသိုလ် လုပ်ဖို့ လွယ်သလောက် ကုသိုလ်တစ်ခု ဖြစ်ရဖို့ ကျတော့ ကိုယ့်စိတ်ကို အများကြီး ဆောင်ပြီး လုပ်ရတယ်....
အလေ့ကျ ပေါက်တဲ့ အပင်က များပြီး
လက်တွ့ အသုံးဝင်တဲ့ အပင်က နည်းသလို
သူ့အလိုလို အလေ့ကျဖြစ်လာတဲ့ အကုသိုလ်က များပြီး ကုသိုလ်တစ်ခု ပေါ်လာဖို့ ကျတော့ ပျင်းရိနေကြတာနဲ့တင် အလဟဿ
ဖြစ် ဖြစ်ကုန်ကြတယ်....
ဘုရားသာသနာ နဲ့ တွေ့တုန်း ခုအချိန်မှ ကာလတစ်ခုရဲ့ တန်ဖိုးကို မသိကြရင်
နောင်အချိန်တွေမှာ ကာလတန်ဖိုးကို သိဖို့မဖြစ်နိုင်တော့ဘူး....အလွဲကြီး လွဲဖို့နဲ့ အမှားကြီး မှားဖို့ပဲ ရှိတယ်....
မိမိတို့ ခုချိန်မှာ သိခွင့်ရတဲ့ အသိဉာဏ်မျိုး
သံသရာတစ်လျှောက် လုံး ဘယ်တုန်းကမှ မသိခဲ့ရပါဘူး....သိခဲ့ရရင် ခုလို မှားနေကြစရာ အကြောင်းမရှိဘူး....ပါရမီကြောင့်ဖြစ်ရတဲ့ အသိဉာဏ်ဟာ တဖြေးဖြေး ရင့်ရင့်သွားတယ်လို့ ဆိုတယ်....
အချိန်ကောင်းတုန်း အားကုန်လွှဲပြီး ကြိုးစားလိုက်ကြစမ်းပါ....စိတ်ထားတွေ အများကြီးကောင်းလိုက်ကြစမ်းပါ....
လူတော် တွေ အများကြီး ကောင်းလိုက်ကြစမ်းပါ....
နောက်တော့ အချိန်က သက်သေ ပြမှာပဲ....
===========================
ဦးပညာဝံသ(ဓနုဖြူ) တပေါင်းလဆုတ် ၅ ရက် ၊ တနလာင်္နေ့ ၊ ၁၃၇၇ ။ 28.3.2016

No comments:
Post a Comment