ရွှေကန် ပုလဲသားလေး ဆီသို့ လာလည်ကြသူ မိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ

Monday, March 28, 2016

ကိုယ့်ကိုကိုယ် အထင်မသေးနဲ့

 
ဆုကြီးပန်လည်း မဟုတ်ဘူး
ပဉ္စနန္တရိက ကံလည်းမထိုက်ဘူးဆိုရင်
အဲဒါ သာဝကအဂါၤပဲ
ဒီဘဝမှာတင်ကျွတ်နိုင်တယ်။

ကိုယ့်ကိုကိုယ် ဒွိဟိတ်လား၊တိဟိတ်လား စဉ်းစားမနေနဲ့
ပါရမီပြည့်မှတရားရနိုင်တာ မှန်ပေမယ့် လူဖြစ်တာရယ် သာသနာနဲ့ကြုံတွေ့တာရယ်
နှစ်ခုနဲ့တင်ပါရမီရှင်ဖြစ်နိုင်တယ်။
ဒီဘဝမှာ ပင်ပန်းကြမ်းတမ်းရုံနဲ့ တရားထူးရဖို့ ကံမပါနိုင်ဘူးဆိုပြီး
ကိုယ့်ကိုကိုယ် အထင်မသေးကြနဲ့။
သဲအင်းဂူဆရာတော်ကြီးဟာ သားမယားတွေနဲ့ပဲ လူဆိုးကြီး
ဒါပေမယ့် အရိယာဖြစ်သွားတယ်။
စွန်းလွန်းဆရာတော် ဘုရားကြီးဟာလည်း မိန်းမရှိတယ် သားသ္မီးရှိတယ်
လောကီမှာနေခဲ့တာပဲ တရားကျင့်လိုက်တာနဲ့ပဲ ရဟန္တာ ဖြစ်သွားခဲ့တာ။
နောက်ပြီး စွန်းလွန်းဆရာတော် ဘုရားကြီးရဲ့တပည့်ပဲ လူအမည်
ဦးမြမောင် ရဟန်းဘွဲ့ ဦးမဏိသာရ တဲ့ လူခဏခဏ သတ်တယ်
မယား ၇ ယောက်ရှိတယ်။ ထောင်ခဏခဏကျတယ် ဒါပေမယ့်
ရဟန်း ဝတ်ပြီး တရားအားထုတ်လိုက်တာ ၇ ရက်တည်းနဲ့
ရဟန္တာ ဖြစ်သွားတယ်။
အနာဂါမ် ဆရာသက်ကြီးဟာလည်း သားမယားတွေရှိတာပဲ
ဒါပေမဲ့ အရိယာဖြစ်ခဲ့တာပဲ။
ဒါကြောင့် ကိုယ့်ကိုကိုယ် အထင်မသေးကြပဲနဲ့
တရားကိုကြိုးကြိုးစားစား သာကျင့်ကြပါ။ လူဝတ်ကြောင်ပဲဖြစ်ဖြစ်
ရဟန်းဝတ်ပဲဖြစ်ဖြစ် တရားထူးဆိုတာကျင့်တဲ့သူကိုသာ ရစေတာပါ
သတ်မှတ်ချက်မရှိပါဘူး။
တကယ်လို့ ပါရမီမပြည့်တဲ့သူဖြစ်ခဲ့ရင်တောင် အဲဒီတရားထူးရဖို့ အကြောင်း
အထောက်အပံ့ဖြစ်ပြီး တစ်နေ့မှာ တရားရဖို့ အထောက်အပံ့ဖြစ်လာ ပါလိမ့်မယ်။
ဦးမြင့်ခိုင်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...