ရွှေကန် ပုလဲသားလေး ဆီသို့ လာလည်ကြသူ မိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ

Wednesday, March 23, 2016

မျက်စိ အားကောင်းအောင်

မင်္ဂလာပါ .ကျတော် ပြောပြမည့် အကြောင်းအရာကတော့ တော်တော်များများ သိပြီးသားပါ။ အဲဒါကတော့ ကိုယ့်မျက်စိ အားကောင်းလာအောင် အမြင်အာရုံတွေ ကြည်လင်လာအောင် သဘာဝ နည်းပညာလေးတစ် ခု မျှဝေချင်ပါတယ်။
ကျတော်ဆိုရင် ငယ်ငယ်က မျက်မှန်တပ်ရမှာ အရမ်းကြောက်ခဲ့ပါတယ်။ မျက်မှန် တပ်ဖို့မလိုအောင် ဘယ်လိုလုပ်ရမလည်းလို့ စာလာသင်ပေးသည့် ဆရာတစ်ယောက်ကို မေးခဲ့ပါတယ်။
နည်းလေးကတော့ လွယ်ပါတယ် ၊ ၁။ မနက် အိပ်ယာထသည့် အခါတိုင်း မျက်နှာမသစ်ခင် ဒူးခေါင်းကို ရေလောင်းပေးရပါမယ်။ ( အိပ်ယာထချိန်မှာ အပူတွေက တစ်ကိုယ်လုံးမှာ အောင်းနေတာပါ. ဆန့်ကျင်ဘတ် သဘာဝ အတိုင်း အအေးရှိရာ အပူလာတက်သည့် သဘောရှိသည့် အတွက် မျက်နှာ အရင် သစ်လိုက်ရင် မျက်စိ ဆီကို အပူတွေ လာရိုက်မှာ ဖြစ်သည့်အတွက် မျက်စိကို အားနည်းစေပါတယ်။ ဒါကြောင့် ဒူးခေါင်း အထက်ကနေ မျက်နှာမသစ်ခင် ရေလောင်းခိုင်းတာပါ။ မနက်မှ မဟုတ်ပါဘူး ။နေ့လည်ခင်း ခဏအိပ်လို့ ပြန်ထသည့်အခါ မျက်နှာ သစ်မယ်ဆိုရင်လည်း အဲဒီလိုပဲ လုပ်ပေးရမှာပါ။ ဒီလို လုပ်ပေးတာ အကျင့်ဖြစ်သွားရင် မျက်စိ မမှုန်တော့ပါဘူး။ မျက်မှန်လည်း တပ်စရာ မလိုတော့ပါဘူး။ဒါလေးက ကျတော့ ကိုယ့်တွေ့ပါ။
မိတ်ဆွေတို့လည်း လုပ်ကြည့်ဖို့ တိုက်တွန်းပါရစေ။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...