


-------------------
fb မှာ နိုင်ငံရေး လူမှု့ရေး ဘာသာရေး စတဲ့
အယူအဆတွေကို တဦးနဲ့ တဦး ဆွေးနွေးတဲ့အခါ
တခါတရံမှာ ဆွေးနွေးတဲ့အကြောင်းအရာက
ပျောက်သွာပြီး မခံချင်စိတ်တွေကနေ စီးဆင်းလာ
တဲ့ အငြင်းပွားမှု့တွေ တွေ့ တွေ့ နေရတာ
အင်မတန် ဝမ်းနည်းစရာကောင်းလှပါတယ်
ပညာ ရှိ နဲ့  ပညာမဲ့ ဆိုတအဲဒီမှာ ကွဲသွားတာပါပဲ
ငြင်းခုန်ပြီး အမှားအမှန် အနိုင်ယူဆုံးဖြတ်မှုဟာ
ပညာမဲလူတန်းစားတွေရဲ့ လက္ခဏာဖြစ်ပြီး
စေ့စပ်ဆွေးနွေးပြီး အမှား အမှန်ကို ရှာဖွေတာဟာ
ပညာရှိတွေရဲ့ လက္ခဏာ ပါ
မခံချင်စိတ်နဲ့ ငြင်းကြတယ်
အရှုံးမပေးချင်ကြဘူး
တဦးနဲ့  တဦး မခံချင်တဲ့စကားလုံးတွေနဲ့ ပြောတယ်
တဘက်က မခံနိုင်တော့ ပြန်ပြီး ဆဲကြတယ်
ဘာတွေ အကျိုး ရှိသွားလည်း ဆိုတော့
အကုသိုလ်တွေသာ တိုးပွားကုန်ကြတယ်
အဆိုးဆုံးကတော့
ဘာသာရေးနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာ
တွေကို ငြင်းခုန်ကြတာပါပဲ
မခံချင်စိတ်ကြောင့် ရတနာ သုံပါးကိုပါ
စော်ကားနေကြတာ တွေ့ ရတယ်
သာမန်လူအချင်းချင်း ဆဲဆိုတာဟာ
အပြစ်နည်းနည်းပဲဖြစ်ပေမဲ့
ရတနာသုံးပါးနဲ့ ပတ်သတ်တာတွေကို ဆဲဆိုကြ
တာတွေကတော့ ဆဲတဲ့သူအတွက် အင်မတန်မှနစ်နာကြမှာပါ
ဒါ့ကြောင့်
မခံချင်စိတ်နဲ့  ပြောဆို ငြင်းခုန် ဆဲဆို ကြတာတွေ
ကို အထူးဂရုစိုက်သင့်ပါတယ်
ရတနာသုံးပါကို ကြည်ညိုတဲ့အခါ
စိတ်ထဲက ကြည်ညိုယုံတောင် အကျိုးပေး
ကြီးကျယ်လှပါတယ်
အဲဒီလိုပါပဲ
စော်ကားရင်လည်း စိတ်ထဲက စော်ကားတာတောင် အကျိုးပေးမသေးနိုင်ပါဘူး
သတိရှိနိုင်ကြပါစေ
U Myint khine.
No comments:
Post a Comment